ဘဝစာမျက်နာများ

  • Archive
  • RSS
  • မေးပါ

trippytraveler:

Awesome HDR Video is Awesome

Source: trippytraveler

  • 2 weeks ago > trippytraveler
  • 2
  • Comments
  • Permalink
  • Share
    Tweet
dhammaeverywhere:

When you open your eyes, do you recognize that there’s seeing happening? What is the difference between looking and seeing? Looking requires directing attention to an external object but just seeing doesn’t require that kind of exertion.
Seeing is just seeing. Is seeing wholesome or unwholesome? It’s neither! However, unwholesome mental states have many opportunities to arise without awareness+wisdom present in seeing. Meditation is about cultivating right attitude and right attention and developing sati, samādhi, and paññā with whatever is happening.
—Sayadaw U Tejaniya, Dhamma Everywhere (p. 81)
(photo by Indonesian Yogi, Retreat with SUT, BrahmaViharaArama, Bali July 2011)
Pop-upView Separately

dhammaeverywhere:

When you open your eyes, do you recognize that there’s seeing happening? What is the difference between looking and seeing? Looking requires directing attention to an external object but just seeing doesn’t require that kind of exertion.

Seeing is just seeing. Is seeing wholesome or unwholesome? It’s neither! However, unwholesome mental states have many opportunities to arise without awareness+wisdom present in seeing. Meditation is about cultivating right attitude and right attention and developing sati, samādhi, and paññā with whatever is happening.

—Sayadaw U Tejaniya, Dhamma Everywhere (p. 81)

(photo by Indonesian Yogi, Retreat with SUT, BrahmaViharaArama, Bali July 2011)

Source: dhammaeverywhere

  • 2 months ago > dhammaeverywhere
  • 4
  • Comments
  • Permalink
  • Share
    Tweet

laughingsquid:

Cat Politely Requests To Be Pet

Source: Laughing Squid

  • 2 months ago > laughingsquid
  • 1261
  • Comments
  • Permalink
  • Share
    Tweet

မပုတု အင်တာနက်လုပ်ငန်း ~ The Irrawaddy's Blog

hahaha funny as hell

  • 3 months ago
  • Comments
  • Permalink
  • Share
    Tweet
View Separately
    • #myamar
    • #burmese
    • #boy
  • 4 months ago
  • 2
  • Comments
  • Permalink
  • Share
    Tweet

အခြေမခိုင်တဲ့ မြေဈေးပြန်ကျိုး၊ စီမံကိန်းသတင်းများနှင့်အတူ မတန်တဆဈေးမြင့်တက်ခဲ့သည့် ရန်ကုန်မြို့စွန်မြေကွက်များ ဈေးထက်ဝက်ခန့်မှ မူလဈေးအထိ ပြန်ထိုးဆင်း


ဒဂုံအရှေ့ပိုင်းမြို့နယ် ၁၀၈ ရပ်ကွက်အတွင်းတစ်နေရာကို ဇန်န၀ါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်

”မြောက်ဒဂုံမှာ ဘူတာသစ်ကြီး ဆောက်မယ်ဆိုတဲ့သတင်းနဲ့အတူ မြေဈေး စတက်တယ်။ နောက် တံတားထိုးမယ်ဆိုတဲ့သတင်းထွက်ပြီး ကစားလိုက်ကြတာ။ အရင်တုန်းက ၁၀ နှစ်လောက်ကြာမှ ဖြစ်မယ့်ဈေးက အခု သုံးလအတွင်းမှာတင် ဖြစ် သွားတယ်။ ဒလ ဘက်ကမ်းကို တံတားထိုးဖို့ ဖြစ်၊ မဖြစ်ဆွေးနွေးတာ ဖြစ်တယ်ဆိုတဲ့အဆင့်ပဲရှိသေးတယ်။ နောက်ထပ်အဆင့်တွေ အများကြီး ကျန်နေသေးတာမတွက်ဘဲ ဒီသတင်းအပေါ်မှာ တင် ၀င်ကစားလိုက်တာ မြေဈေးခုန်တက်သွားတယ်။အရင်က ကျပ် ၁၀ သိန်း၊ ၁၅ သိန်းပဲတန်တဲ့ မြေကွက်က ကျပ်သိန်း ၉၀ လောက်ထိ တက်သွားတယ်။ ဒီလို စီမံကိန်းတွေ အကြောင်းပြုပြီးကစားလို့ မြေဈေးခုန် တက်တာပါ”ဟု ယူနတီ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျာ ကိုဇော်ဇော်က ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်တွေနဲ့ပါ ပူးပေါင်းပြီး မြေဈေးကစားကြ

”အရင်တုန်းက ထွက်တဲ့သတင်း၊ အကောင်အထည်တကယ်ဖော်နေတဲ့ စီမံကိန်းတွေကိုပဲ ပြပြီး ကစားကြတယ်။ အခုကတော့ ဘာစီမံကိန်းရှိသလဲဆိုတာကို သတင်းရင်းမြစ်တွေနဲ့ပါ ပူးပေါင်းပြီး ရယူတယ်။ အဲဒီသတင်းအချက်အလက်ကိုကိုင်ပြီး အရင်ဆုံး ဆင်းဝယ်လိုက်တယ်။ ပြီးမှ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးဖြန့်ပြီး ဈေးကို လိုသလို ကစားကြတယ်။ အပြင်မှာ ရင်းနှီးမြှုပ်နှံစရာကဏ္ဍကလည်း ရှားသေးတော့ ငွေကိုင်ထားတဲ့သူတွေက ၀င်ပြီးမြှုပ်နှံတယ်။ အဲဒီအချိန်မှာ မ တန်တဆဈေးနဲ့ တင်ရိုက်ပြီး လက်လွှဲချကြတယ်။ ဒါက ခုခေတ်မြေဈေးကစားတဲ့ အဓိကပုံစံဖြစ်နေတယ်”ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။

အခြေမခိုင်တော့ မြေဈေးပြန်ကျိုး

”အခု ၅ ဆကနေ ၁၀ ဆ လောက်အထိ တက်သွားတဲ့ မြို့စွန်မြေကွက်တွေ၊ စီမံကိန်းကြီးတွေလာမယ်ဆိုပြီး သတင်းထွက်နေတဲ့ နေရာအနီးအနားက မြေကွက်လွတ်ရဲ့ ဈေးတွေ ပြန်ပြိုဆင်းသွားတယ်။  မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်-ကျောက်တန်းဘက်က မြေဈေးတွေ တက်တုန်းက ဥပမာ တစ်ကွက်ကို ကျပ်သိန်း ၁၅၀ အထိ တက်တဲ့မြေကွက်ဆို အခု ကျပ် ၇၅ သိန်း၊ ကျပ်သိန်း ၁၀၀ လောက်အထိ တက်တဲ့မြေကွက်ဆိုရင် အခု ကျပ် သိန်း ၅၀ ၀န်းကျင်အထိ ပြန်ဆင်းသွားတယ်။ ထက်ဝက်လောက် ပြန်ဆင်းတယ်၊ တချို့နေရာ အရင်ဈေးနှုန်းနီးပါးလောက် ပြန်ရောက်တယ်။ တချို့နေရာတွေတော့ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက် ပြန်ဆင်းသွားတယ်”ဟု ယူနတီအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျာကိုဇော်ဇော်က ပြောကြားခဲ့သည်။

”မြေဈေးပြန်ကျိုးရတဲ့အဓိက အချက်ကတော့ ၀ယ်လက် လုံးဝ ပျောက်သွားလို့ပါ။ ၀ယ်လက်ပျောက်တယ်ဆိုတာကလည်း စီမံကိန်းတွေက သေချာ မသေချာ၊ ဘယ်တော့ စမယ်၊ မစမယ် တိတိကျ ကျဘယ်သူမှ မပြောနိုင်ဘူး။  ကုမ္ပဏီ က ဆင်းဝယ်တာ၊ တောင်းတဲ့ဈေး ပေးနေတယ်ဆိုတာလောက်ပဲ သိကြတာ။ အဲဒီလိုဝယ်တဲ့ ကုမ္ပဏီတွေလည်း ပျောက်ရော ဈေးပြန်ကျတာပဲပေါ့။ အခြေမခိုင်တဲ့ဈေးကွက်ကတော့ ခံ လည်းခဏပါပဲ”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။


အခုကတော့ ဘာစီမံကိန်းရှိသလဲဆိုတာကို သတင်းရင်းမြစ်တွေနဲ့ပါ ပူးပေါင်းပြီးရယူတယ်။ အဲဒီ သတင်းအချက်အလက်ကိုကိုင်ပြီး အရင်ဆုံး ဆင်းဝယ်လိုက်တယ်။ ပြီးမှ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဖြန့်ပြီး ဈေးကို လိုသလို ကစားကြတယ်။ အပြင်မှာ ရင်းနှီးမြှုပ်နှံစရာကဏ္ဍကလည်း ရှားသေးတော့ ငွေကိုင်ထားတဲ့သူတွေက ၀င်ပြီးမြှုပ်နှံတယ်။ အဲဒီအချိန်မှာ မတန်တဆဈေးနဲ့တင်ရိုက်ပြီး လက်လွှဲချကြတယ်။ ဒါက ခုခေတ်မြေဈေးကစားတဲ့ အဓိကပုံစံဖြစ်နေတယ်

၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှစ်က မြေဈေးကစားတာကို သတိမမူမိကြတော့

”၁၉၉၆ ခုနှစ်ဝန်းကျင်လောက်က မြောက်ဒဂုံလို မြို့သစ်တွေတည်မယ့်သတင်းနဲ့အတူ မြေကွက်တွေကို ဒီလိုပဲကစားခဲ့ကြတယ်။ ကျပ် ၁၀ သိန်းလောက်တန်တဲ့မြေကွက်က အဲဒီတုန်းကတော့ ကျပ် ၂၅ သိန်း၊ သိန်း ၃၀ လောက်အထိ ဈေးတက် သွားတယ်။ ဈေးတက်အောင်ကစားတဲ့သူတွေက လက်လွှဲရိုက်ပြီး ထားခဲ့တယ်။ ပိုက်မိတဲ့သူတွေက ကျပ် သိန်း ၃၀ လောက်ကို ၁၀ စုနှစ် တစ်စုလောက်ကြာအောင် ရင်းနှီးမြှုပ်နှံထားပြီးမှ ကျပ်သိန်း ၅၀၊ ၆၀ လောက်ရခဲ့တော့ ရင်းခဲ့ရတဲ့နှစ်နဲ့ တောင် မတန်ဘူးဖြစ်သွားတယ်။ ဒီတုန်းကတစ်ကြိမ်။ ၁၉၉၈ ခုနှစ် ၀န်းကျင်လောက်မှာ သန်လျင် အောင်ချမ်းသာအရှေ့က မြေကွက်တွေဆို သီလ၀ါဆိပ်ကမ်း သတင်းနဲ့အတူ ၀င်ကစားလို့ မြေဈေးခုန်တက်သွားခဲ့တယ်။ လမ်းမတန်းက ကျပ် ၁၀ သိန်း၊ လမ်းကြားက ကျပ် ၆ သိန်း လောက်ပဲတန်တဲ့ မြေကွက်တွေက ကျပ်သိန်း ၄၀ လောက်အထိ ဖြစ်သွားတယ်။ စီမံကိန်းအကြောင်း ပြပြီး ကစားတဲ့သူက ကစားလိုက်တော့ နောက်က မြှုပ်နှံမယ့်သူတွေက ဈေးအမြင့်တွေနဲ့ ၀ယ်လိုက်ကြပြန်ရော။ ဒါပေမယ့် အဲဒီမြေဈေးက ထပ်မတက်တော့ဘဲ နေလိုက်ကြတာ ၂၀၁၁ ခုနှစ်ရောက်မှ ပြန်တက်သွား တော့တယ်။ ကျပ်သိန်းရာနဲ့ချီ တက်သွားတာ။ ဒါပေမယ့် ပြန်တွက်ကြည့်လေ အဲဒီတုန်းက ရွှေဈေးနဲ့ အခုရွှေဈေး၊ ၁၃ နှစ်ကြာမှ တစ်ဆလောက် ပိုရခဲ့ကြတာ။ ဒီကြားထဲ မအောင့်နိုင်လို့ ရောင်းတဲ့သူတွေ ရှုံးခဲ့ကြသေးတယ်။ အခုလည်း ဒီလိုပဲ စီမံကိန်းအကြောင်းပြပြီး ကစားတဲ့သူတွေကတော့ မြတ်သွားပြီ။ ရမလားလို့ နောက်ကလိုက်တဲ့သူတွေ မြေကွက်ပိုက်ပြီး ဘယ်လောက် အထိ ဆက်စောင့်မှအမြတ်ရမလဲ မသေချာတဲ့ကာလတစ်ခုကို ဖြတ်ကြရတော့မယ်။ မြေဆိုတာကတော့ မြတ်နိုင်ပါတယ်။ ဒါပေမယ့် ကစားခံထားရတဲ့ဈေးနဲ့ဆိုရင်တော့ ဘယ်လိုဖြစ်မလဲ တွက်သင့်ပါတယ်”ဟု ယူနတီ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျာကိုဇော်ဇော်က ပြောကြားခဲ့သည်။

”မြှုပ်နှံတဲ့သူတွေအနေနဲ့ စီမံကိန်းဆိုတာကို သေချာလေ့လာဖို့ လိုမယ်ထင်ပါတယ်။ စီမံကိန်းတစ်ခုက နှစ်ကာလကြာရှည်အောင် တွက်ချက်ပြီးမှ ပေါ်လာတာလည်း ရှိသလို၊ အကြောင်းကြောင်းကြောင့် ပျက်သွားတာမျိုးလည်း ရှိတတ်တယ်။ စီမံကိန်းရှိကြောင်း ထုတ်ပြန်တာကတော့ ထုတ်ပြန်နေကြမှာပဲ။ တချို့ဆင်းကြည့်မယ်၊ ဖြစ်နိုင် မဖြစ်နိုင် တိုင်းတာကြည့်မယ်။ တိုင်းတာကြည့်တာနဲ့တင် ဟာဖြစ်ပြီဟလို့ တွက်လို့မရတာတွေရှိတဲ့အတွက် စီမံကိန်းအကြောင်းပြ ကစားတိုင်း မမြှုပ်နှံတာ အကောင်းဆုံးပါပဲ။ ကစားတဲ့သူကတော့ သတင်းရင်းမြစ်တွေနဲ့ပေါင်းပြီး ကစားတာသိပ်မဟန်တော့ရင် နောက်တစ်နည်းပြောင်း ကစားကြဦးမှာပဲ”ဟု ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။

  • 4 months ago
  • Comments
  • Permalink
  • Share
    Tweet

စင်္ကာပူနိုင်ငံသား တစ်ထောင် ကျော် နှစ်စဉ် နိုင်ငံ ကို စွန့် | Freedom News Group

DK ၊           ၊(၂၀၀၀) ခုနှစ်မှ (၂၀၁၀) ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်စင်္ကာ
ပူနိုင်ငံသားပေါင်း တထောင်ခန့်သည် စင်္ကာပူနိုင်ငံသားအဖြစ်အား စွန့်လွှတ်နေခဲ့ကြသည်။

နိုင်ငံသားအဖြစ်အား စွန့်လွှတ်သွားခဲ့ကြသော စင်္ကာပူနိုင်ငံသားအရေအတွက်အား စင်္ကာပူလုပ်သား
ပါတီမှ လွှတ်တော်အမတ်တဦးဖြစ်သူ ပရီတမ်ဆင်း၏ မေးခွန်းအား စင်္ကာပူဒု-ဝန်ကြီးချုပ် တီယိုချီ
ဟိန်မှ လွှတ်တော်၌ စာဖြင့်ပြန်လည်ဖြေဆိုမှု၌ ယင်းကိစ္စအား ဆိုထားခဲ့ခြင်းဖြစ်သည်။

နိုင်ငံကူးပြောင်းသွားကြခြင်းနှင့် ပတ်သက်သော အကြောင်းရင်းများနှင့်ပတ်သက်၍ အချို့မှာ
ပိုမိုကောင်းမွန်သော လူနေမှုပတ်ဝန်းကျင်ဘဝအတွက်ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပြီး၊ အချို့မှာ
နိုင်ငံခြားသား/သူများနှင့်လက်ထပ်၍၊ အချို့မှာမူ ပြည်ပရှိမိသားစုဝင်များနှင့် ပြန်လည်ပေါင်း
စည်းလို၍ ဖြစ်ကြသည်ဟု တီယိုချီဟိန်မှဆိုသည်။

လွှတ်တော်အမတ်ပရီတမ်ဆင်းနှင့် ဒု-ဝန်ကြီးချုပ်တီယိုချီဟိန်တို့၏ အမေးအဖြေစကားများ
မှာအောက်ပါအတိုင်းဖြစ်သည်။

(ပရီတမ်ဆင်း) – ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံသားအဖြစ်အား စွန့်ခွာသွား
ကြသော စင်္ကာပူနိုင်ငံသားအရေအတွက်နှင့် ၄င်းတို့ရွှေ့ပြောင်းသွားရသော အကြောင်းရင်း
ကိစ္စများအပေါ်၌ ဖြေရှင်းလုပ်ဆောင်မှုပြုလုပ်ရန် အစိုးရအနေနှင့် မဟာဗျူဟာခင်းကျင်း
ချမှတ်ထားခြင်းရှိပါလား။

(တီယိုချီဟိန်) – ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ ဆယ်နှစ်တာအတွင်း နိုင်ငံခြားသို့ရွှေ့ပြောင်းအခြေ
ချသွားသော စင်္ကာပူနိုင်ငံသား နှစ်စဉ် (၁၀၀၀) ခန့်ရှိပါသည်။ (အကြောင်းရင်းများမှာ အထက်
၌ဖေါ်ပြထားခဲ့သည့်အတိုင်းဖြစ်ပါသည်) ကျနော်တို့ အလေးထားသည့် အချက်တခုမှာ စင်္ကာ
ပူနိုင်ငံသည် စင်္ကာပူနိုင်ငံသားများအတွက် အကောင်းဆုံးနေအိမ်တခုဖြစ်စေရေးဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိသော လူနေမှုပတ်ဝန်းကျင်အရပ်တခုနှင့် စင်္ကာပူနိုင်ငံသားများအတွက် အလုပ်
အကိုင်ကောင်းများရရှိနေစေသော နိုင်ငံနှင့်ပြည်သူကို ကြီးပွားတိုးတက်စေသည့် နိုင်ငံ့စီး
ပွားရေးအပြင်၊ စင်္ကာပူနိုင်ငံသားများတဦးနှင့်တဦးအကြားရှိနေသော ဆက်သွယ်မှုတို့ အား
ခိုင်မာစေရန် ကျနော်တို့ ကြိုးပမ်းနေပါတယ်။

ပြည်ပတွင် ပညာသင်နေ၊ အလုပ်လုပ်နေကြသော စင်္ကာပူနိုင်ငံသားများနှင့် ထိတွေ့နိုင်စေရန်
လည်း မိမိတို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပင်လယ်ရပ်ခြားစင်္ကာပူနိုင်ငံသားများ
အဖွဲ့၏အစီအစဉ်များမှ ကြိုးပမ်းမှုများအရ ပြည်ပရောက်စင်္ကာပူနိုင်ငံသားများအား မိခင်
စင်္ကာပူနိုင်ငံနှင့် ဆက်သွယ်မှုခိုင်မာနေစေပြီး၊ ၄င်းတို့၏ပြည်တော်ပြန်လာမှုများကို ကူညီပံ့
ပိုးပေးနိုင်မည်ဟု ကျနော်တို့ မျှော်လင့်မိပါတယ်ဟု ဒု-ဝန်ကြီးချုပ်တီယိုချီဟိန်မှ ခပ်လျှိုလျှို
သာပြောသွားခဲ့သည်။

အာဏာရှင်စနစ် တဝက်၊ ဒီမိုကရေစီစနစ်တဝက် ကိုကျင့်သုံးနေပြီး၊ လူနေမှုစရိတ်နှင့် ကျန်းမာရေး
စရိတ်ကြီးမြင့်လှသော စင်္ကာပူနိုင်ငံမှ ဒေသခံ နိုင်ငံသားများသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး
လူ့အခွင့်အရေးပြည့်ဝကာ လူမှုဘဝပိုမိုတိုးတက်ကောင်းမွန်ပြီး သက်တောင့်သက်သာရှိသော
အနောက်နိုင်ငံများသို့ ရွှေု့ပြောင်းအခြေချနေကြသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ၄င်းတို့နေရာသို
့ မြန်မာ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများမှ
လူများက အစားထိုးဝင်ယူလာခဲ့ကြသည်။

    • #singapore
    • #renounce
  • 4 months ago
  • Comments
  • Permalink
  • Share
    Tweet

အိုသိန်းစိန် ~ The Irrawaddy's Blog


maung maung san ဖန်တီးပြီး facebook မှာ တင်ထားတဲ့ ဦးသိန်းစိန်ပုံကို အိုဘားမားပုံနဲ့ တွဲပြီး ဖော်ပြပေးလိုက်ပါတယ်

  • 4 months ago
  • Comments
  • Permalink
  • Share
    Tweet

ကန့်သတ်ကုန်များ သွင်းခွင့်ပြုပေး၍ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် သုံးလလိုသည့် အချိန်၌ပင် သွင်းကုန်ပမာဏ သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက် ၊မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင်မူ ငွေလဲနှုန်း ကာလရှည် ကျဆင်းမှုကြောင့် အခြေခံ ကုန်ထုတ်လုပ်သူများပင် အထိနာနေ

7151
(၁၁)ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲတွင် ပြသထားသော မြန်မာပြည်မှ တင်ပို့ထားသော ငါးရှဥ့်များ

မြန်မာနိုင်ငံ၏ သွင်းကုန်ပမာဏ မှာ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သမိုင်းတစ်လျှောက်စံချိန် တင်မြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်ကဏ္ဍတွင်မူ ငွေလဲနှုန်းကာလရှည် ကျဆင်းမှုကြောင့် အခြေခံ စိုက်ပျိုးထုတ်လုပ်သူများပင် အထိနာသည့် အနေအထား ရှိနေဆဲဖြစ်ကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

သွင်းကုန် တင်သွင်းခဲ့သည့်နှစ် တစ်လျှောက်တွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ပမာဏအများဆုံး အဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံကျော်ဖိုး တင်သွင်းခဲ့ကြောင်း ယခု၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် သုံးလကျန်နေသေးသည့် အချိန်၌ပင် ယခင်နှစ်တစ်နှစ်လုံး တင်သွင်းသည့် ပမာဏကို ကျော်တက်ကာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံကျော် ဖိုးအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ သွင်းကုန်ပမာဏ စံချိန်တင် မြင့်တက်ရသည့် အကြောင်းရင်းမှာ ယခင်က လက်ဝါးကြီးအုပ် ကန့်သတ်ကုန်များ ဖြစ်သည့် စက်သုံးဆီ၊ စားအုန်းဆီ၊ ကားနှင့် ယန္တရားများ တင်သွင်းခွင့်များ ခွင့်ပြုပေးထားသည့် အတွက်ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံရဲ့ အခုနှစ် ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလျံကျော်ကို ရောက်ရှိနေပါပြီ။ ဒီဇင်ဘာလကုန် အထိပေါ့။ အဓိကကတော့ သွင်းကုန်ပမာဏ မြင့်တက်တာလည်း ပါပါတယ်။ သွင်းကုန်ပမာဏက အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီ လျံကျော်၊ ပို့ကုန်ပမာဏက ၆ ဒသ မ ၈ ဘီလျံကျော်အထိ ရှိနေပါပြီ။ သွင်းကုန်က မနှစ်က ကာလတူထက် နှစ်ဆနီးပါး မြင့်တက်သွားတဲ့ အနေအထားရှိပါတယ်။ အရင်တုန်း က အနည်းစုပဲ သွင်းခဲ့တဲ့ စားအုန်း ဆီ၊ စက်သုံးဆီ၊ ကားနဲ့ ယန္တရား တွေကို တင်သွင်းခွင့် ပြုပေးထားတာ က သွင်းကုန်မြင့်တက်ရတဲ့ အဓိက အချက်ပါ”ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

7151a

ပို့ကုန်ကဏ္ဍတွင်မူ ကာလရှည် ငွေမာဈေးနှုန်းကျဆင်းခဲ့သည့် ဒဏ်၊ အဆိုပါဒဏ်ကို ကုစားမပေးနိုင်ခဲ့ သည့်အတွက် အချက်များကြောင့် ယခုအခါ အခြေခံစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများပင် အထိနာနေရကြောင်း သိရသည်။

“ကဏ္ဍတိုင်းကို မေးကြည့်ပါ အခြေခံထုတ်လုပ်တဲ့သူတွေ ထိမထိ ဆိုတာ။ ဒီနေ့အထိ အခြေခံ ထုတ်လုပ်သူတွေ တည်ငြိမ်မှု မရသေးဘူး။ ကျွန်တော်ကတော့ မွေးမြူရေးနဲ့ ပတ်သက်ပြီးပြောချင်တယ်။ ငါးမွေးမြူရေး ဆိုပါတော့ မွေးမြူတဲ့သူအားလုံး အရင်းမရှိတော့ဘူး။ ဘဏ်က ငွေချေးတယ်၊ ပြန်မဆပ်နိုင်တဲ့ အတွက် ဘဏ်က ယုံကြည်မှုမရှိတော့ဘူး။ လုပ်ငန်းရှင်နဲ့ မွေးမြူရေးသမားကြားမှာ ငွေပေးငွေယူတွေ ရှုပ်ထွေးပြီး အမှုအခင်းဖြစ်နေပြီ။ အဆိုးဆုံးက လာမယ့်နှစ်မှာ မွေးဖို့ အရင်းမရှိတော့တာနဲ့ ထုတ်ပေးမယ့်သူ မရှိတော့တဲ့ အနေအထားရောက်နေတာ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၉ တုန်းက ပြည်ပကပေးတဲ့ ငါးဈေးနဲ့ ၂၀၁၁ ပြည်ပပေးတဲ့ ငါးဈေးက အတူတူပဲ။ ငွေလဲနှုန်းကျတော့ ကျပ် ၁၀၀၀ ကနေ ၂၀၁၁ တုန်းကဆို ရင် ကျပ် ၆၈၀ အထိ ကျသွားတယ်။ ကျပ် ၇၀၀ ကျော်မှာ အချိန်အကြာကြီး ရှိနေခဲ့တယ်။ အခုမှ ကျပ် ၈၀၀ ဆိုတာ ပြန်ရောက်တာ ဘာမှမကြာသေးဘူး။ ဒီတော့ ပြည်တွင်းငါးဈေးက မွေးမြူထုတ်လုပ် စရိတ်တောင်မရတော့ ရှုံးကြတာပေါ့။ ပုစွန်မွေးတဲ့သူလည်း ဒီလိုပဲ။ ကြက်မွေးတဲ့သူလည်း ဒီလိုပဲ။ ဆိုလိုချင်တာက မြန်မာနိုင်ငံရဲ့ စီးပွားရေးက မတိုးတက်သေးဘူး ဆိုတာပဲ။ အခု အခြေအနေကို မကုစားနိုင်ရင် နောက်နှစ်လည်း ဒီဒဏ်ကိုထပ်ခံရမှာပဲ။ ငါးမမွေးနိုင်ရင် ၂၀၁၂ မှာ ငါးရှားပြီး စားသုံးသူကို ထပ်ထိဦးမှာပဲ။ ဒါဆိုပြည်ပဈေးရော မတက်ဘူးလား မေးမယ်၊ ပြည်ပမှာ မြန်မာနိုင်ငံနဲ့ အပြိုင် ငါးမွေးမြူ ထုတ်လုပ်လာနိုင်တာတွေ ရှိလာတဲ့အတွက် ပြည်ပဈေး က သိပ်မျှော်လင့်လို့မရဘူး။ အခွန် တွေလျှော့ချပြီး တစ်ဖက်က ကူပေးပါတယ်။ ဒါပေမယ့် ကျတဲ့ငွေဈေးကြောင့် သိပ်မထိရောက်ဘူး ဖြစ်သွားတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းကြိုင် ကပြောကြားခဲ့ပါသည်။

“ဒီနှစ် ပဲဈေးမကောင်းတဲ့အ တွက် ပဲစိုက်တဲ့တောင်သူတွေ ထိတယ်။ အရင်းသာသာပဲ ရတယ်။ တချို့ရှုံးတယ်။ ပြည်ပဆန်ဈေးကျဆင်းတဲ့အ တွက် ပြည်တွင်းစပါးဈေးက စိုက်ပျိုးထုတ်လုပ်စရိတ်ရဲ့ အောက်ကိုရောက်ပြီး တောင် သူတွေရှုံးတယ်။ အရင်းပဲရ တဲ့သူကများတယ်။ ပြည်ပပဲ ဈေး၊ ပြည်ပဆန်ဈေးက သာမတက်တာ ပြည်တွင်းငွေလဲနှုန်းက အနိမ့်ဆုံးဈေးနဲ့ကာ လရှည်ဖြစ်နေခဲ့တယ်။ အဲဒီဒဏ်ကို အခြေခံစိုက်ပျိုး ထုတ်လုပ်သူတွေပဲ ခံရတယ်။ စပါးဈေးက အခုဆို အကြမ်းအမျိုးအစားက အမြင့်ဆုံးမှတင်း တစ်ရာကျပ် သုံးသိန်းခွဲကနေ ကျပ်သုံးသိန်းခြောက်သောင်း ပဲရှိတယ်။ တစ်ဧကကို စပါး က တင်း ၅၀ ထွက်တာများတယ်။ ဒီတော့ တစ်ဧကစိုက်လို့ ပြန်ရတာက ကျပ်တစ်သိန်းရှစ်သောင်းပဲ ရှိတယ်။ စိုက်စရိတ်က ပုံမှန်ဆို တစ်ဧက ကျပ် နှစ်သိန်းဝန်းကျင်အထိ ကျသင့်တဲ့ လယ်တောင်ရှိတယ်။ ဒီနှစ်ဆို ရေကြီးလို့ နှစ်ကြိမ်သုံးကြိမ် ပြန်စိုက်ထားရတာ များတော့ ပိုရှုံးတာပေါ့”ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)

ဘဏ္ဍာရေးနှစ်     
ပို့ကုန်ပမာဏ သွင်းကုန်ပမာဏ စုစုပေါင်း ၂၀၀၀-၂၀၀၁  
၁၉၆၀ .၀၀      
၂၃၁၉ .၀၀ ၄၂၇၉ .၀၀ ၂၀၀၁-၂၀၀၂   
၂၅၄၄ .၀၀        
၂၇၃၅ .၀၀ ၅၂၇၉ .၀၀ ၂၀၀၂-၂၀၀၃  
၃၀၆၂ .၈၄        
၂၂၉၉ .၆၄ ၅၃၆၂ .၄၈ ၂၀၀၃-၂၀၀၄  
၂၃၅၆ .၈၂         
၂၂၃၉ .၉၇ ၄၅၉၆ .၇၉ ၂၀၀၄-၂၀၀၅  
၂၉၂၇ .၈၄          
၁၉၇၃ .၂၈ ၄၉၀၁ .၁၂ ၂၀၀၅-၂၀၀၆      
၃၅၅၇ .၂၁ ၁၉၈၄ .၄၁ ၅၅၄၁ .၆၂ ၂၀၀၆-၂၀၀၇        
၅၂၃၂ .၆၈ ၂၉၃၆ .၇၃ ၈၁၆၉ .၄၁ ၂၀၀၇-၂၀၀၈     
၆၄၀၁ .၇၁ ၃၃၅၃ .၄၂ ၉၇၅၅ .၁၃ ၂၀၀၈-၂၀၀၉   
၆၇၇၈ .၈၅ 
 ၄၅၄၃ .၄၅    
၁၁၃၂၂ .၃၀ ၂၀၀၉-၂၀၁၀             
၇၅၈၆ .၉၄ ၄၁၈၁ .၄၀ ၁၁၇၆၈ .၃၄ ၂၀၁၀-၂၀၁၁           
၈၈၆၁ .၀၁ ၆၄၁၂ .၇၃ ၁၅၂၇၃ .၇၄ ၂၀၁၁-၂၀၁၂(ဒီဇင်ဘာထိ)        
၆၈၀၀ ကျော် ၆၆၀၀ ကျော် ၁၃၄၀၀ ကျော်
    • #burma
    • #myanmar
    • #news
    • #economics
  • 4 months ago
  • Comments
  • Permalink
  • Share
    Tweet

Time-lapse video: 30-storey hotel built in just 15 days - Yahoo!

A Chinese company has released a time-lapse video of its construction of a 30-storey mega hotel in just 15 days.

Released by the Asian sustainable building firm Broad Group, the video shows the impressive infrastructure being constructed within a 360-hour time frame in the China’s south central Hunan Province.
 

Using cutting-edge building technology, which uses six times less cement and is believed to be five times more energy efficient than regular construction material, the 17,000-metre-squared earthquake-proof skyscraper was completed at the end of 2011.

The Ark hotel was built using pre-fabricated modules and uses a diagonal steel bracing.

China travel guide


The remarkable building also boasts a filtration system with air 20 times purer inside than outside and can withstand a 9.0-magnitude earthquake, as tested by the China Academy of Building Research.

[Related story: World’s tallest bridge unveiled]


In 2010, the same firm built a 16-storey residential block in only five days.

And it’s not just the hotel that was built in the 15 days, but all the furniture has apparently been moved into the building, so it’s ready for guests.

  • 4 months ago
  • Comments
  • Permalink
  • Share
    Tweet
← Newer • Older →
Page 1 of 58

About

Avatar

Me, Elsewhere

  • @mettacycle on Twitter
  • Facebook Profile
  • poekong on Youtube
  • lifepages on Flickr
  • poekong on Delicious

Twitter

loading tweets…

Following

I Dig These Posts

  • Photo via waiyanjpn
    Photo via waiyanjpn
  • Photoset via waiyanjpn

    10knotes:

    Follow this blog, you will love it on your dashboard

    Photoset via waiyanjpn
  • Photo via dhammaeverywhere

    The meditating mind must be a Dhamma mind. Be calm, comfortable and relaxed, with peace, faith, and intelligence. That is how you should be...

    Photo via dhammaeverywhere
  • Photo via ayosaii

    demons-and-gold:

    travelingcolors:

    Spiritual Wonder of the World - Shwedagon Paya (Pagoda) | Yangon | Myanmar (by I Prahin | ...

    Photo via ayosaii
See more →
  • RSS
  • Random
  • Archive
  • မေးပါ
  • Mobile

Effector Theme by Carlo Franco.

Powered by Tumblr