ဘဝစာမျက်နာများ

  • Archive
  • RSS

သစ်ထူးလွင် Myanmar News Now: စင်ကာပူ ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု

ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု
ဝတ်မှုံ၊ စင်ကာပူ၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၁
အသင့်တင့်ခိုင်လုံသော သတင်းဌာနမှ သတင်းအရ၊ ရွှေရတနာမိန်းမနှင့် အဖွဲ့သည် စနေ၊ တနင်္ဂနွေနေ့များက လက်ခံရရှိသည့် ငွေလွဲရန် ငွေဒေါ်လာများကို ဒီဇင်ဘာ ၁၉  (တနင်းလာနေ့) တွင် စတိသဘော ဘဏ်တွင်သွင်းပြခဲ့ပြီး၊ တနင်းလာ၊ အင်္ဂါနေ့တွင် ထပ်မံဝင်ရောက်လာသည့် ငွေများစွာ စုစည်းပြီး အစဖျောက်သွားခဲ့သည်။
အင်္ဂါနေ့ညတွင် ခန့်မှန်းချေ စင်ကာပူ ဒေါ်လာ သန်း ၄၀ ခန့်ဖြင့် ထွက်ပြေး၊ အစဖျောက်သွားသည်။ လန်ဒန်တွင် ဖမ်းမိသည် ဆိုသည်မှာ မဟုတ်ပါ။ လွတ်နေဆဲ ဖြစ်သည်။ ထိုအမျိုးသမီး ထွက်ပြေးသွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျှက်နှင့် ပင်နီစူလာဆိုင်များမှ ငွေများကို ဆက်လက် လက်ခံယူပြီး လက်ကျန် ဒေါ်လာ ၂ သန်းခန့်ကို လက်ကျန်ရှင်းပြီး အလစ်သုတ်၊ အစဖျောက်သွားပါသည်ဟု သတင်းများတွင် ထပ်မံပေါ်ပေါက်လာပြန်သည်။
 (မှတ်ချက် - သတင်းထွက်ကာစက ဒေါ်လာ ၄ သန်း ခန့် လိမ်ခံရသည် ဟု ဆိုပြီး၊ ယခုအခါ သန်း ၄၀ ကျော် ဖြစ်လာပါသည်။ အချို့ကလည်း ဘီလျှံဒေါ်လာဟု ဖေါင်းပွ ပြောဆိုနေကြပါသည်။)
 စူပါရိုင်ရယ် မှ အမျိုးသမီးကလည်း လန်ဒန်သို့ထွက်ပြေးသွားပြီး ပြန်လာပြီး ရှင်းရန်ရှိသည်။ သီရိမွန်မှ အမျိုးသမီးတစ်ယောက်သာ စင်ကာပူတွင် ဒိုင်ခံဖြေရှင်းနေရပါသည်။
ငွေလွှဲလုပ်ငန်းကို ဆိုင်များစွာက လုပ်ကိုင်နေရာ ထပ်ဆုံးခေါင်မှ ဒိုင်ကြီးများက ဈေးကစားပြီး သိမ်းဆည်းပါသည်။ ရွှေရတနာအမျိုးသမီးအုပ်စုက ငွေဈေးကစားနိုင်သောကြောင့် လူများ အထင်ကြီး၊ ယုံကြည်မှုကို ရအောင်လုပ်ပြီး အပိုင် လိမ်လည်သွားခြင်းဖြစ်သည်။
မြန်မာပြည်သို့ ငွေပို့သူများ ဒေါ်လာသိန်း၊ သန်းချီသော လုပ်ငန်းရှင်ကြီးများစွာ “လူယုံသတ်” ခံလိုက်ရပါသည်။ အဓိက ရွှေရတနာဆိုင်မှာ ခပ်တည်တည် ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး၊ လွိုင်ဟိန်းဆိုင်မှာ ပင်နီစူလာငွေလွှဲဆိုင်အသေးများမှ ငွေ စုစုပေါင်း ၂သန်းခန့်ကို ရွှေရတနာအကြောင်းပြပြီး ထပ်မံလိမ်သွားသောကြောင့် ခရစ်စမတ်နေ့ နေ့ခင်းမှာ ဆိုင်တွင “လူလိမ်လင်မယားစာ” နှင့် “လင်မယားဓါတ်ပုံကြီး” ပါကပ်ထားခြင်းခံရပါသည်။ ညပိုင်းတွင် လုံခြုံရေးမှ ခွာယူသွားပါသည်။
စုစုပေါင်း ဒေါ်လာ (သန်း ၄ ၊ ၅ သန်း သို့မဟုတ်က) သန်း ၄၀ ခန့်မှာ မြန်မာ - စင်ကာပူနိုင်ငံ စီးပွားရေးအတွက် ထိခိုက်မှုမရှိသော်လည်း၊ ခံလိုက်ရသောသူများမှာ တသက်စာ၊ ချွေးနှီးစာ များဖြစ်ပါသည်။
မြန်မာပြည်တွင်းမှ ခံလိုက်ရသော ငွေရှင်ကြီးများကလည်း တရားစွဲရေးအတွက်၊ မည်သို့လုပ်ရမည်ကို မသိကြသေးပါ။ ထိုငွေများအား ရွှေရတနာနှင့် လွိုင်ဟိန်း ထွက်ပြေးသွားသူများထံမှ ပြန်လည်ဖေါ်ထုတ်ရန် နည်းလမ်း ရှာနေဆဲပင်ဖြစ်သည်။
ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျ ရယူစွဲဆွဲပြီး အစိုးရအမှု၊ တရားမမှု၊ ရာဇ၀တ်မှု တခုမဟုတ် တခုခု ဖြစ်ရန်မှာ ခက်ခဲနေပါသည်။
၂၆ ဒီဇင်ဘာ ရန်ကုန်မှ ELEVEN MEDIA သတင်းအရ၊ စင်ကာပူအစိုးရနယ်မြေတွင် အခြေပြု ဖြစ်ပွားသောကြောင့် စင်ကာပူအစိုးရ၏ ငွေကြေးဆိုင်ရာနံပါတ် (၁) အဖွဲ့ကြီးဖြစ်သော M.A.S  Monetary Authority of Singapore မှ တာဝန်ယူ စစ်ဆေးဖွယ်ရာ ရှိသည်ဟု ရေးသားထားပါသည်။
မြန်မာအစိုးရက အပြန်အလှန်ကူညီပြီး ငွေကြေး လောင်ဒရီ၊ ဟွန်ဒီလုပ်ငန်းများတွင် မသမာလုပ်သူများအား အရေးယူမည့် အလားအလာရှိသည်။ ထိုအမျိုးသမီးသည် စင်ကာပူနိုင်ငံသားဖြစ်ပြီး၊ တရုပ်နိုင်ငံကူးလက်မှတ်ကိုလည်း တရားမ၀င်ကိုင်ဆောင်ဟန် ရှိသောကြောင့် တရုပ်ပြည်အစိုးရနှင့်လည်း ဆက်နွယ်လျှက်ရှိသဖြင့် နိုင်ငံတကာ မသာမာလုပ်ရပ်ကြီးဖြစ်သည်။
သင်ခန်းစာယူစရာအဖြစ် -  ငွေကြေး၏ သားကောင်၊ လောဘသားကောင် ဖြစ်ခဲ့သူများ တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသကဲ့သို့ ငွေကြေးနဲ့ လောဘဇော သာကောင်များဘ၀မှ လွတ်မြောက်စေလိုပါသည်။
ယခုနှစ် ဒီဇင်ဘာလ၊ ခရစ်စမတ်ပွဲတော်အတွင်း စင်ကာပူတွင် ၀မ်းနည်း၊ ၀မ်းသာ သတင်း၂ ခုသိရသည်။ ၀မ်းသာခြင်းမှာ ကျွန်တော် အနှစ် ၂၀ ကျော် ဆောင်ခဲ့သော ပြည်ပရောက် မြန်မာများဝင်ငွေခွန် နောက်လမှစပြီး ဆောင်စရာမလိုတော့ ဟူသောသတင်းဖြစ်ပါသည်။
ဝမ်းနည်းခြင်းမှာ မိတ်ဆွေများစွာ ငွေကြေး၏ သားကောင်ဘ၀တွင် ဒုက္ခရောက်သွားသောကြောင့် ဖြစ်သည်။
ပင်နီစူလာမှ ရွှေရတနာဆိုင် အမျိုးသမီးတဦးက ဒေါ်လာ သန်းပေါင်းများစွာနှင့် ပျောက်ဆုံးသွားခြင်း၊ သူ ပျောက်ဆုံးသွားသည်နှင့် လွိုင်ဟိန်းဆိုင်မှ ဇနီးမောင်နှံလည်း ပင်နီစူလာဆိုင်များ မှတဆင့် လွှဲပေးသည့် ငွေဒေါ်လာ သန်းဂဏန်းကို ဆက်လက်လက်ခံယူပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။ 
အလုပ်သမားများ၏ ချွေးနှည်းစာလွှဲငွေများကို အခြားပင်နီစူလာဆိုင်များက မြန်မာပြည်တွင် ကျပ်ငွေဖြင့် ပြန်လည် ပေးသော်လည်း ထွက်ပြေးသွားသည့် လူလိမ်ဆိုင်များမှ ပြန်ရဖို့ တော်တော်ခက်သွားပါပြီ။ အထူးသဖြင့် ငွေနောက်လိုက်သူ များစွာ ခံလိုက်ရသည်။
ငွေလွှဲသူ အနည်းစုသာ ခံရသော်လည်း ယုံပြီး စီးပွားရေးအတွက် အပ်နှံငွေများမှာ ပလုံ ဖြစ်သွားပါတော့သည်။ ပင်နီစူလာတွင် ထိုသို့ငွေကြေးဆိုင်ရာ တရားမ၀င်လုပ်ဆောင်နေသည့် အုပ်စုအချို့ ရှိရာ ရွေရတနာဆိုင်မှာ ငွေလွှဲအုပ်စုတခုဖြစ်သည်။ အခြားငွေလွှဲအုပ်စုများမှာ ပုံမှန်လုပ်ဆောင်လျှက်ရှိပါသည်။
လွန်ခဲ့သော ၃နှစ်မှ စတင်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် ကျပ်ငွေတန်ဖိုးတက်လာသည်။ မြန်မာအစိုးရကလည်း အတိုးနှုန်း တနှစ် ၁၃ ရာနှုန်း တရားဝင် ခွင့်ပြုထားသည်။ တရားမ၀င် ငွေတိုးချေးစားသူများမှာ အတိုးနှုန်း ၃၆ ရာနှုန်းမှ လက်လီ အသေးစားချေးငွေများမှာ နေ့ပြန်တိုး ၅ကျပ်နှုန်း (၆၀ရာနှုန်း) အထိ ယူကြသည်။
စင်ကာပူရှိ ငွေစုဆောင်းထားသူများသည် ဘဏ်အတိုးနှုန်း ၀.၂ ရာနှုန်းမျှသာရပြီး၊ Fix Deposit ၂နှစ်အပ်နှံပါက အတိုးနှုန်းပိုမိုရသည်။ (Less than S$5,000 = 0.1875% p.a. More than S$5,000 to below S$50,000 = 0.30% p.a )။
 သို့သော် မြန်မာနိုင်ငံမှပေးသော ၁၃ရာနှုန်း မပြောနှင့် ၃ ရာနှုန်းပင် စင်ကာပူဘဏ်များက မပေးပါ။ ထိုအခါ စင်ကာပူဒေါ်လာ သောင်းဂဏန်း စုဆောင်းမိသူများသည် မိမိတို့ငွေများကို ယုံကြည်စိတ်ချသူ ပင်နီစူလာဆိုင်ပိုင်ရှင်များ (သို့မဟုတ်) လုပ်ငန်းရှင်များထံ အပ်နှံထားရသည်။
မြန်မာပြည်တွင် လုပ်ငန်းများထူထောင်ထားသော ဟိုတယ်၊ ခရီးသွားလုပ်ငန်းများမှာ လကုန်၊ နှစ်ကုန်လျှင် ကျပ်ငွေနှင့် လစာပေးရသောကြောင့် စင်ကာပူမှဒေါ်လာများ မြန်မာပြည်သို့ လွှဲခြင်းလုပ်ငန်းမှာ ဒီဇင်ဘာလကုန်တွင် အထူးများပြားလှပေသည်။
ယုံကြည်၍ အတိုးနှုန်းများများရရန် အပ်နှံထားသောငွေများကို ထိုမိန်မက အပိုင်သိမ်းပိုက်သွားဖြင်းဖြစ်သည်။ ထိုမိန်းမ ငွေကြေးအကြပ်အတည်းဆိုက်ရောက်နေသည်ကို လုပ်ငန်းရှင်များ ရိပ်မိသော်လည်း ထိုသို့လုပ်ရက်မည် လုံးဝမထင်မှတ်ခဲ့ပါ။
နောက်ဆုံးတွင် ပိုလျှံငွေ၊ စုဆောင်းငွေများကို အတိုးနှုန်း ပိုမိုတိုးပွားရလိုသူများစွာ၏ ငွေများ၊ စုစုပေါင်း ဒေါ်လာ သန်း၄၀ ကျော်သည်ဟု ဆိုပါသည်။ (YANGON, ELEVENDIA MEDIA သတင်းအရ အမေရိကန် ဒေါ်လာ ၁၅သန်းခန့် ဟု ဆိုသည်)။
မြန်မာပြည်တွင်လည်း ငွေတိုးပေးလုပ်ငန်းလုပ်သူများကို ဖမ်းဆီးပြီး .. စင်ကာပူတွင်မူ ထိုလုပ်ငန်းမှာ တရားမ၀င်ဖြစ်သောကြောင့် ရဲက ဖမ်းဆီးလောက်သည့်အဆင့် မရောက်သေးပါ။ ပြဿနာက ခံလိုက်ရသူများကို အလွန်ပူလောင် စိတ်သောကရောက်စေပါသည်။
သို့သော် ခပ်တည်တည်ဖွင့်နေသော ရွှေရတနာဆိုင်ကိုပင် လူအများအံ့သြနေဆဲဖြစ်သည်။
ငွေသည် ပူလောင်တတ်ပါသည်။

By: မိုးမခမီဒီယာ

    • #burma
    • #myanmar
    • #singapore
  • 1 year ago
  • Comments
  • Permalink
Share

Short URL

TwitterFacebookPinterestGoogle+

Recent comments

Blog comments powered by Disqus
← Previous • Next →

About

Avatar

Me, Elsewhere

  • @mettacycle on Twitter
  • Facebook Profile
  • poekong on Youtube
  • lifepages on Flickr
  • poekong on Delicious

Twitter

loading tweets…

Following

  • lomographicsociety
  • scientificillustration
  • guardian
  • insectlove
  • asianhistory
  • drsonnet
  • corgiaddict
  • gamefreaksnz
  • thisistheverge
  • bythegods
  • collegehumor
  • videogamenostalgia
  • it8bit
  • moviesonfilm
  • rhamphotheca
  • woodendreams
  • fuckyeahhistorycrushes
  • creativemornings
  • popculturebrain
  • thjones2
  • textless
  • wildcat2030
  • nerdology
  • verthandi
  • gjmueller
  • britneyspears
  • sdzoo
  • nationalpost
  • life
  • wild-earth
  • rollingstone
  • statedept
  • rorschachx
  • newsweek
  • technoccult
  • breakingnews
  • michaeldonovan
  • nationalfilmsociety
  • wired
  • ahmetdayyah
  • funnyordie
  • laughingsquid
  • njwight
  • futurist-foresight
  • nbcnightlynews
  • amnhnyc
  • theonion
  • infoneer-pulse
  • deviantart
  • neuroticthought
  • saharareporters
  • entertainmentweekly
  • todaysdocument
  • think-progress
  • obitoftheday
  • smarterplanet
  • usagov
  • pixelunion-staff
  • univisionnews
  • pitchfork
  • nypl
  • challengepostblog
  • poptech
  • improvisingfatherhood
  • welovestopmotion
  • staff
  • criminalwisdom
  • chartier
  • montereybayaquarium
  • treeporn
  • latimes
  • theanimalblog
  • minimalmac
  • pergoogle
  • drvonskillet
  • theheritagefoundation
  • pewinternet
  • springwise
  • sesamestreet
  • engineeringisawesome
  • swphotoblog
  • tutorblog
  • nosql
  • onionlike
  • ukinusa
  • iamhesterr
  • babygooroo
  • aljazeera
  • dailybunny
  • dailyotter
  • scienceetfiction
  • tagitjj
  • dailybungalow
  • searchengineland
  • annegoddard
  • thenextweb
  • moviesandfood
  • unhappyhipsters
  • designcloud
  • buzz
  • cnce
  • usatoday
  • prostheticknowledge
  • farmweather
  • proofmathisbeautiful
  • davidtribby
  • wellthatsadorable
  • huffposttv
  • icodeforlove
  • gardenscience
  • huffposttech
  • chipotle
  • manpodcast
  • ibmsocialbiz
  • techedblog
  • digithoughts
  • phoneasmedium
  • waiyanjpn
  • cnnmoneytech
  • emotiontechnology
  • betashop
  • fuckyeawow
  • disruptism
  • idrawnintendo
  • forceclose
  • ipnet
  • fuckyeahbabyanimals
  • davidaustria
  • jonpaullussier
  • fuckyeahnebulas
  • thewiremagazine
  • physicsphysics
  • gamestorm
  • mozillawebmaker
  • blackberry10news
  • theadventureproject
  • gocookyourself
  • watanafghanistan
  • cameronmoll
  • art-documents
  • archaeology
  • botany
  • sharanam
  • rightsandhumanity
  • gameandgraphics
  • dprblog
  • electricorchid
  • ted-is-a-nerd
  • r3darch
  • storyofman
  • theeconomist
  • ohyeahworldofwarcraft
  • animalswithstuffedanimals
  • dogsintophats
  • yahoopolitics
  • engineering
  • badassjs
  • tumblrbot
  • supercute
  • ghostfm
  • whatismyanmar
  • lookslikescience
  • storyboard
  • ayosaii
  • burma-awareness
  • mydaydream89
  • dhammaeverywhere
  • drewandeunhae
  • ink361
  • webkitbits
  • oldhollywood
  • fuckyeahcomputerscience
  • thechangelog
  • watchtheguild
  • aung
  • ourhomeburma
  • thedailyfeed
  • athuzar
  • cloudmessaging
  • trippytraveler
  • weheart
  • instantlives
  • hellocute
  • devteam
  • arxiv-cs
  • def-end
  • techandnews
  • witnesscreateconnect
  • allthingsnuclear
  • tumbl-weed
  • pictoryblog
  • tainmoelwin
  • gardenporn
  • bama-lo
  • accidentalbuddhist
  • exploreposts
  • iprefertolaugh
  • abcnewsradioarchive
  • applestoreplanking
  • khet-hlwar
  • johnprattchristian
  • insta-apps
  • yangon
  • project364

I Dig These Posts

  • Photoset via rhamphotheca

    featheredsentinel: Crabs, thats right, Crabs

    Top left: Trapezia septata, female
    Top right: Trapezia serenei, male
    Bottom left: Trapezia...

    Photoset via rhamphotheca
  • Photo via rhamphotheca

    It was beginning to seem as if something were wrong with everything. No, everything. It was elusive, but it seemed like it should be obvious… the...

    Photo via rhamphotheca
  • Photo via gamefreaksnz
    Photo via gamefreaksnz
  • Photo via theanimalblog

    Dolphin (by Phil Blackburn)

    Photo via theanimalblog
See more →
  • RSS
  • Random
  • Archive
  • Mobile
Effector Theme by Pixel Union